EXO အဖွဲ့၏ EXODUS တေးသီချင်းအယ်လ်ဘမ် အချပ်ရေ ရ၃၀ ၀၀၀ ကျော်အထိ ရောင်းချရခဲ့

EXO အဖွဲ့၏ EXODUS တေးသီချင်းအယ်လ်ဘမ် အချပ်ရေ ရ၃၀ ၀၀၀ ကျော်အထိ ရောင်းချရခဲ့

ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ တောင်ကိုရီးယား EXO အဖွဲ့၏ ဒုတိယမြောက် တေးသီချင်း အယ်လ်ဘမ် EXODUS သည် ထွက်ရှိပြီးသည့် အချိန်မှစ၍ အချပ်ရေ ၇၃၀,၀၀၀ ကျော် ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

EXODUS တေးသီချင်း အယ်လ်ဘမ်သည် မတ် ၃၀ ရက်က ထွက်ရှိခဲ့ကြောင်းနှင့် အဆိုပါ တေးသီချင်း အယ်လ်ဘမ်သည် Gaon အပတ်စဉ် တေးသီချင်း အယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း မေ ၇ ရက်တွင် ပြောကြားခဲ့သည်။

ခေါင်းစီးတေးသီချင်း Call Me Baby တေးသီချင်းသည် Goan တေးသီချင်းများ download ဆွဲယူမှုဇယားတွင် နံပါတ်နှစ် နေရာရောက်ရှိနေပြီး  အချိန်ကြာမြင့် စွာလူကြိုက်များမှု ရရှိထားသည့် သီချင်းတစ်ပုဒ်အဖြစ် ရှိနေသည်။

 EXO အဖွဲ့သည် Gaon တေးသီချင်းဇယားတွင် လစဉ် ထိပ်ဆုံးမှ ရောက်ရှိနေရုံသာမက Hanteo Chart ၊Yes 24  ၊ Synnara Record နှင့် အခြားသောတေး သီချင်းအယ်လ် ရောင်းချရမှု ဇယားများတွင်လည်း ဧပြီလအထိ ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly