ဟောင်ကောင် မင်းသားကြီး ဂျက်ကီချန်းက မူးယစ်ဆေးဝါးမှုများကို သေဒဏ်ပေးရန် ထောက်ခံ

ဟောင်ကောင် မင်းသားကြီး ဂျက်ကီချန်းက မူးယစ်ဆေးဝါးမှုများကို သေဒဏ်ပေးရန် ထောက်ခံ
ဘီဘီစီ (ဟောင်ကောင်)။ ။ ဟောင်ကောင် ကွန်ဖူးမင်းသားကြီး ဂျက်ကီချန်းသည် မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်သော အချို့တရားခံများအပေါ် သေဒဏ်အပြစ်ပေးခြင်းကို ထောက်ခံကြောင်းနှင့် မူးယစ်ဆေးဝါးသည် လူငယ် ထောင်ပေါင်းများစွာ ပျက်စီးစေကြောင်း ပြောကြားခဲ့သည်။

ချန်း၏ သားဖြစ်သူ ဂျေစီချန်းသည် ယခုနှစ်အစောပိုင်းက ၎င်းနေထိုင်ရာ နေအိမ်တွင် မူးယစ်ဆေးဝါးများ တွေ့ရှိမှုဖြင့် တရုတ်နိုင်ငံတွင် ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရသည်။ အသက် ၃၂ နှစ်အရွယ်ရှိ သားဖြစ်သူ ဂျေစီချန်းသည် မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှု၊ မူးယစ်ဆေး သုံးစွဲသူတွေကို နေရာပေးမှုတို့ဖြင့် ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း တရုတ်ရဲတပ်ဖွဲ့က ပြောကြားသည်။

မူးယစ်ဆေးဝါးများသည် လူငယ်များကို ပျက်စီးစေရုံသာမက ၎င်းတို့၏ မိသားစုများကိုလည်း ထိခိုက်နာကျင်စေကြောင်း စာနယ်ဇင်းသမားများနှင့် ပြုလုပ်သော အင်တာဗျူးတွင် ဂျက်ကီချန်းက ပြောကြားခဲ့သည်။

“အချို့မူးယစ်ဆေးဝါးမှုတွေအပေါ် သေဒဏ်အပြစ်ပေးတာကို ကျွန်တော် ထောက်ခံပါတယ်။ လူငယ် ထောင်ပေါင်းများစွာကို ထိခိုက်နာကျင်အောင် လုပ်တဲ့သူဆိုရင် အဲ့ဒီလိုလူမျိုးဟာ အသုံးမဝင်တဲ့ လူတစ်ယောက်လို့ ကျွန်တော်ထင်တယ်။ သူ့ကို ပြစ်ဒဏ် ပေးသင့်တယ်” ဟု ချန်းက ပြောကြားခဲ့သည်။

“သားဖြစ်သူ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်တဲ့ သတင်းကို ကြားသိရတဲ့အခါ စိတ်ဆိုးပြီး ရှက်မိပါတယ်။ ယခုအခါ သားဖြစ်သူကို ပိုမိုအာရုံစိုက်သွားမှာ ဖြစ်ပါတယ်။ သူဟာ အရွယ်ရောက်နေတဲ့သူ တစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ ယခုအချိန်ထိ သူ့ကို ကလေးငယ် တစ်ယောက်လို့သာ မြင်ပါတယ်” ဟု ချန်းက ပြောကြားခဲ့သည်။

ချက်ကီချန်းသည် စင်္ကာပူနိုင်ငံ၏ ပထမဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်တစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်က တရုတ်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါး ထိန်းချုပ်မှု သံမတ်အဖြစ် ခန့်အပ်ခံခဲ့ရသူ တစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly