ဂျေလိုနှင့် ကက်စ်ပါစမက်တို့ စေ့စပ်လို်က်ပြီဟု ကောလဟာလ သတင်းများ ထွက်ပေါ်လျက်ရှိ

ဂျေလိုနှင့် ကက်စ်ပါစမက်တို့ စေ့စပ်လို်က်ပြီဟု ကောလဟာလ သတင်းများ ထွက်ပေါ်လျက်ရှိ
ဂျေလိုနှင့် ကက်စ်ပါစမက်တို့ စေ့စပ်လို်က်ပြီဟု ကောလဟာလ သတင်းများ ထွက်ပေါ်လျက်ရှိ

စတားပလက်စ် (နယူးယော့ခ်)။ ။ ကမ္ဘာကျော် အဆိုတော် ဂျနီဖာလိုပက်ဇ်သည် မေ ၄ ရက်ညက နယူးယော့ခ်စီးတီးရှိ အနုပညာပြတိုက်တွင် ကျင်းပပြုလုပ်သော Costume Isndtiute Benefit Gala ပွဲတက်ရောက်စဉ် ၎င်း၏ ဘယ်ဘက်လက်တွင် ဝတ်ထားသော စိန်လက်စွပ်ကြောင့် ကက်စ်ပါစမက်နှင့် စေ့စပ်လိုက်ပြီဟူသော ကောလဟာသတင်းများထွက်ပေါ်လျက်ရှိသည်။

ဂျေလိုနှင့် ကက်စ်ပါတို့သည် ၂၀၁၁ ခုနှစ်မှ စ၍ ပြတ်လိုက်ဆက်လိုက် ဆက်ဆံရေးဖြစ်နေပြီး ပြီးခဲ့သည့်နှစ် ဇွန်လက လမ်းခွဲခဲ့ကြောင်း ပြီးခဲ့သည့် လက ဂျေလိုက ကျွန်မတစ်ယောက်တည်း ဖြစ်နေပြီဖြစ်ကြောင်း E !News ကို ပြောကြားခဲ့သည်။

အသက် ၄၅ နှစ်အရွယ်ရှိ American Idol သီချင်းဆိုပြိုင်ပွဲ ဒိုင်လူကြီး ဂျေလိုနှင့် အသက် ၂၈ နှစ်အရွယ်ရှိ စမက်တို့သည် မေ ၄ ရက်ပွဲသို့ အတူတကွ တက်ရောက်ခဲ့ခြင်း မရှိပေ။ ဂျေလိုသည် အဆိုပါပွဲတွင် Versace Dragon တံဆပ် ဂါဝန်ကို ဝတ်ဆင်ထားကာ ပါးလွှာလွန်းသော ဂါဝန်မှတစ်ဆင့် ၎င်း၏ ခြေထောက်အလှကို လှစ်ဟပြသခဲ့သည်။ ၎င်းတို့နှစ်ဦးသည် လမ်းခွဲပြီးသည့် အချိန်မှစ၍ ပွဲလမ်းသဘင်များစွာကို အတူတကွ တက်ရောက်ခဲ့ကြသော်လည်း ဂျေလိုသည်  ၎င်းပါဝင်သရုပ်ဆောင်ထားသော Home  နှင့် The Boy Next Door ဇာတ်ကားများ အရောင်းမြှင့်တင်ရေးများ ရှိနေခြင်းနှင့် စေ့စပ်ပွဲကို အကျဉ်းချုပ်လုပ်ပုံရသည်။

ဂျေလိုသည် ယခုနှစ်ဒီဇင်ဘာလတွင်  အမေရိကန်ဒေါ်လာ ၃ သန်းတန်ဖိုးရှိ လက်တပ်ပွဲကို ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ကောလဟာလများကို ပြီးခဲ့သည့်လက Life & Style မဂ္ဂဇင်းက စတင်ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly