ကေပေါ့ ဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့တဲ့ ပက်ခ်ရှင်ဟေး

ကေပေါ့ ဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့တဲ့ ပက်ခ်ရှင်ဟေး

ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ တောင်ကိုရီးယား မင်းသမီး ပတ်ခ်ရှင်ဟေးသည် F.T Island အမျိုးသား အဆိုရှင်အဖွဲ့ကို အားပေးရန် မေ ၃ ရက်က ဆိုးလ်မြို့ရှိ Jamsil အားကစားရုံတွင် ပြုလုပ်သော  2015 FNC Kingdom in Seoul အမည်ရှိ ကေပေါ့ဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့သည်။

“ကျွန်မ အချိန်အကြာကြီးနေမှ ဖျော်ဖြေပွဲကို တက်ရောက်တာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ တစ်ကယ်လို့ ကျွန်မသာ ဒီဖျော်ဖြေပွဲကို မတတ်ရောက်ခဲ့ဘူးဆိုရင် အဆိုတော် လီဟောင်ကီက ကျွန်မကို မုန်းသွားနိုင်တယ်” ဟု ပက်ခ်ရှင်ဟေးက Instagram တွင် ရေးသားထားသည်။

ကေပေါ့ဖျော်ဖြေပွဲတွင် F.T. Island ၊ CNBLUE ၊ N.Flying  ၊Juniel  နှင့် AOA တို့ အဖွဲ့တို့ ပါဝင် ဖျော်ဖြေခဲ့ကြောင်းနှင့် အဆိုပါ အဖွဲ့အားလုံးသည်  FNC ဖျော်ဖြေရေး ကုမ္ပဏီနှင့် လက်မှတ်ထိုးထားသည့် အဖွဲ့များ ဖြစ်သည်။

F.T. Island အဖွဲ့က  ၎င်းတို့ အဖွဲ့၏ ပဉ္စမမြောက် တေးသီချင်း အယ်လ်ဘမ် I Will မှ တေးသီချင်းများကို ဖျော်ဖြေတင်ဆက်ခဲ့ပြီး တင်ဆက်မှုမစတင်မီ F.T.Island အဖွဲ့ဝင် လီဟောင်ကီက အဖွဲ့ဝင်လေးဦးနှင့် မိတ်ဆက်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly