ပြည်တွင်း နိုင်ငံခြားငွေ ရောင်းချရာတွင် ထိုင်းနှင့် မလေးရှား ငွေကြေးများကိုပါ ဗဟိုဘဏ် ထပ်မံခွင့်ပြု

ပြည်တွင်း နိုင်ငံခြားငွေ ရောင်းချရာတွင် ထိုင်းနှင့် မလေးရှား ငွေကြေးများကိုပါ ဗဟိုဘဏ် ထပ်မံခွင့်ပြု

ရန်ကုန်၊ မေ ၃၀ ။     ။ ဗဟိုဘဏ်မှ ပြည်တွင်းငွေလဲလှယ်လုပ်ငန်းများကို မလေးရှားရင်းဂစ် နှင့် ထိုင်းဘတ်ငွေ နှစ်မျိုးကိုပါ လဲ လှယ်ခွင့် ထပ်မံပေးလိုက်သည်ဟု ဗဟိုဘဏ်က မေလ ၂၇ ရက် ရက်စွဲဖြင့်ထုတ်ပြန် လိုက်သည်။

ပြည်တွင်းငွေလဲလှယ်လုပ်ငန်းများက နဂိုမူလငွေကြေး  သုံးမျိုးဖြစ်သည့် အမေရိကန် ဒေါ်လာ၊ စင်ကာပူ ဒေါ်လာနှင့် အီးယူငွေကြေးများအပြင် ထိုင်းဘတ်ငွေ နှင့် မလေးရင်းဂစ်ငွေကြေး များ ကိုပါ ထပ်မံလဲ လှယ်ခွင့်ရရှိတော့မည်ဖြစ်သည်ဟု ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သိမ်ဖြူငွေလဲစင်တာ၏ တာဝန်ရှိသူတစ်ဦးက“ ကြိုဆိုရမယ့်အရာပါ။ နိုင်ငံတကာလုပ်ငန်းတွေ ပိုဝင်လာလေ ငွေကြေးအမျိုးအစားလိုက် လဲလှယ်တာတွေကိုလည်း ပိုတိုးပြီးခွင့်ပြုသင့်ပါ တယ်။ အထူး သဖြင့် မြန်မာနဲ့ ဆက်သွယ်မှုများတဲ့ နိုင်ငံငွေကြေးတွေကို ပိုဦးစားပေး ခွင့်ပြုသင့် ပါတယ်”ဟု ပြောဆိုသည်။

လဲလှယ်ရမည့်ငွေကြေး အမျိုးအစားများ ပိုမိုတိုးချဲ့ခွင့်ပြုသင့် သကဲ့သို့ ဗဟိုဘဏ်မှ ပြည်တွင်းဘဏ်များကို ထုတ်ရောင်းပေးသည့် ဒေါ်လာငွေကြေးကိုလည်း ပိုမိုထုတ်ရောင်းပေး သင့်သည် ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များက အကြံပြုပြောဆိုသည်။

လက်ရှိ ပြည်တွင်းငွေကြေး ဈေးကွက်အတွင်း ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်သည့် ရည်ညွှန်း ငွေလဲလှယ်နှုန်းနှင့် ပြင်ပငွေ လဲလုပ်ငန်းများနဲ့ ငွေလဲလှယ်စင်တာများတွင် လဲလှယ်နှုန်းထား ကွာဟချက်များဖြစ်ပေါ်နေ သကဲ့သို့ ဝယ်လိုအားသာလွန်မှုကြောင့် သွင်းကုန် လုပ်ငန်းရှင်များ အခက်အခဲဖြစ်နေသည်ဟု ကားတင်သွင်း လုပ်ငန်းရှင်ဦး မင်းဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly