ဇွန်လ ၃ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားတွင် မားစ်ကူးစက်မှု ရပ်တန့်

ဇွန်လ ၃ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားတွင် မားစ်ကူးစက်မှု ရပ်တန့်
ဇွန် ၁၉က ဆိုးလ်ရှိ မြေအောက်စျေးဝယ်ရာအရပ်တွင် မားစ်ကူးစက်မည်ကိုစိုးရိမ်သော အမျိုးသမီးတစ်ဦး မျက်နှာဖုံးစွပ်ထားသည်ကို တွေ့ရစဉ် ဓါတ်ပုံ-ရိုက်တာ

တောင်ကိုရီးယားတွင် ၁၆ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကူးစက်မြန် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာစု(မားစ်) ကူးစက်မှုအသစ် မရှိကြောင်း တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

ရောဂါကူးစက်မှုနှုန်းမှာ လျော့ကျသွားဟန်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၉က ထုတ်ပြန်ခဲ့သေးသည်။

ထို့အပြင် နောက်ထပ်သေဆုံးမှုလည်း မရှိကြောင်း ယင်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။ မားစ်ကြောင့် သေဆုံးသူ စုစုပေါင်းမှာ ၂၄ ဦးအထိ ရှိနေပြီဖြစ်သည်။ ကူးစက်ခံရသူ အရေအတွက်မှာ ၁၆၆ ဦးအထိရှိပြီး ဆော်ဒီအာရေးဘီးယားပြင်ပတွင် အများဆုံး ကူးစက်ခံရခြင်း ဖြစ်သည်။ တောင်ကိုရီးယားတွင် ဆေးရုံများမှတစ်ဆင့် အဓိကကူးစက်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly