မလေးရှား ရေနံတင်သင်္ဘော ပြန်ပေးဆွဲခံရမှုနှင့် ပတ်သက်၍ လူရှစ်ဦးကို ဖမ်းဆီး

မလေးရှား ရေနံတင်သင်္ဘော ပြန်ပေးဆွဲခံရမှုနှင့် ပတ်သက်၍ လူရှစ်ဦးကို ဖမ်းဆီး

စီအင်အေ (ကွာလာလမ်ပူ)။ ။ မလေးရှား ရေနံတင်သင်္ဘော Orkim Harmony အားပြန်ပေးဆွဲရာတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ ရှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း မလေးရှား အရာရှိများက ဇွန် ၁၉ တွင် ပြောကြားခဲ့သည်။

RON95 အောက်တိန်း စည်ပေါင်း ၅၀,၀၀၀ ခန့်ကို သယ်ဆောင်လာသော တန်ချိန် ၇,၃၀၀ရှိ Orkim Harmony သင်္ဘောကို ဇွန် ၁၁က မလေးရှားကမ်းလွန်တွင် ပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့မှုတွင် သံသယရှိသူများကို ဗီယက်နမ် ရေပိုင်နက်အနီး သိုချူးကျွန်းတွင် ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို ဗီယက်နမ် အာဏာပိုင်များက ထိန်းသိမ်းထားခဲ့ပြီး မကြာမီ မလေးရှားသို့ လွဲအပ်မည်ဟု အဆိုပါအရာရှိများက ပြောကြားခဲ့သည်။

ဇွန် ၁၉ ရက်နေ့ အစောပိုင်းက ပင်လယ်ဓားပြများသည် ဆေးပြန်သုတ်ကာ Kim Harmon ဟု ပြန်လည် အမည်ပေးထားသော ရေနံတင်သင်္ဘောကို လွှတ်ပေးခဲ့ပြီး သင်္ဘောတွင် ပါရှိသော အသက်ကယ်လှေဖြင့် ထွက်ပြေးခဲ့ကြသည်။ အင်ဒိုနီးရှားလူမျိုး ထမင်းချက်၏ ပေါင်တွင် သေနတ်ဒဏ်ရာ တစ်ခု ရရှိသည်မှလွဲ၍ သင်္ဘောအဖွဲ့သား ၂၂ ဦး အန္တရာယ်ကင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly