ချားလစ်တန်ဘုရားကျောင်းပစ်ခတ်မှုအတွင်း သေဆုံးသူတို့၏ ဆွေမျိုးများက သေနတ်သမားကို ခွင့်လွှတ်ကြောင်းပြော

ချားလစ်တန်ဘုရားကျောင်းပစ်ခတ်မှုအတွင်း သေဆုံးသူတို့၏ ဆွေမျိုးများက သေနတ်သမားကို ခွင့်လွှတ်ကြောင်းပြော

(နယူးယောက်)။ ။ အမေရိကန်နိုင်ငံ တောင်ပိုင်း ကယ်လီဖိုးနီးယားတွင် သမိုင်းဝင် လူမည်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် လူကိုးဦး၏ ကျန်ရစ်သူဆွေမျိုးအချို့က ပစ်ခတ်သူကို ခွင့်လွှတ်ပါကြောင်း ပြောခဲ့ကြသည်။

အသက် ၂၁ နှစ်ရှိ ဒိုင်လန်းရုစ်ကို ချားလစ်တန်တရားရုံးတွင် ဘုရားကျောင်းပစ်ခတ်မှုမှ လူသတ်မှုကိုးမှုဖြင့် စစ်ဆေးကြားနာနေခြင်းဖြစ်သည်။

တရားရုံးတွင် ပစ်ခတ်သေဆုံးသူတစ်ဦး၏ သမီးဖြစ်သူက ဒိုင်လန်းကို ခွင့်လွှတ်ကြောင်း မျက်ရည်အပြည့်ဖြင့် တိုက်ရိုက်ပြောသော်လည်း ဒိုင်လန်းက မည်သည့်ခံစားချက်ကိုမှ ၎င်းမျက်နှာတွင် ဖော်ပြခြင်းမရှိပေ။

ပြီးခဲ့သည့် ဇွန် ၁၈ ရက်က Emanuel African Methodist Episcopal Church သမိုင်းဝင် ဘုရားကျောင်းတွင် ဒိုင်လန်းက သေနတ်ဖြင့် ပစ်ခတ်သဖြင့် လူကိုးဦးသေဆုံးသည်။ သေဆုံးသူများတွင် သင်းအုပ်ဘုန်းကြီးတစ်ပါးအပါအဝင် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားသုံးဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly