UOB အရာရှိများက စင်ကာပူကို အဓိက ယွမ်ငွေကြေးဌာနဖြစ်လာစေရန် ဆွဲဆောင်စည်းရုံး

UOB အရာရှိများက စင်ကာပူကို အဓိက ယွမ်ငွေကြေးဌာနဖြစ်လာစေရန် ဆွဲဆောင်စည်းရုံး

စင်ကာပူ၊ ဇွန်-၁၉ ။    ။ တရုတ်၏ United Oversea Bank Ltd (UOB)မှ အကြီးတန်းအရာရှိများ၏ ဇွန်၁၇ ရက်ပြောကြားချက် အရ တရုတ်နိုင်ငံက ဦးဆောင်နေသည့် ခါးပတ်လမ်း ဖော်ဆောင်မှု (Belt and Road Initiative )က ယွမ်ငွေကို နိုင်ငံတကာ သုံးဖြစ်စေရန် မြှင့်တင်နေသောကြောင့် တရုတ်ကုမ္ပဏီများသည် နိုင်ငံရပ်ခြားတွင် ယွမ်ငွေလွှမ်းမိုးသည့် ဘွန်းများကို စတင်တာ ထွက်ရန် ၎င်းတို့၏ ပထမဆုံးရွေးချယ်မှုအဖြစ် ဟောင်ကောင်ထက် စင်ကာပူကို ပိုမိုဦးစားပေး ရွေးချယ်ဖွယ်ရှိနေသည်။  

အရှေ့တောင်အာရှ သမ္မတနိုင်ငံ စင်ကာပူသည် ပိုးလမ်းမ စီးပွားရေးခါးပတ် (Silk Road Economic Belt)နှင့် ၂၁ရာစု ပင်လယ် ပိုးလမ်းမ (21st Century Maritime Silk Road)နှစ်ခုအပေါ်မှခွထိုင်ထားသောကြောင့် မဟာဗျူဟာမြောက် အရေးပါသည့်အခန်း ကဏ္ဍမှ ပါဝင်လာရန် မျှော်လင့်သည်ဟု စင်ကာပူဘဏ်၏ ဒုဥက္ကဌနှင့် စီအီးအို ဝီး အီ ချောင်က ပြောကြားခဲ့သည်။

အရှေ့တောင်အာရှတွင် ယွမ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာရန်လည်း UOB က တက်တက်ကြွကြွ မြှင့်တင်သွားမည်ဟု ဝီးက ပြောကြားခဲ့သည်။  ‘တရုတ်ရဲ့ သြဇာနဲ့ ဆက်သွယ်မှု တိုးမြင့်လာတာရဲ့ အကျိုးဆက်အဖြစ် ကြီးမားတဲ့ စီးပွားရေးအခွင့် အလမ်းတွေ ပွင့်လန်းလာဖို့ ရှိနေပါတယ်’’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

‘တရုတ်ပြည်နဲ့ (ဒါမှမဟုတ်)တရုတ်ပြည်တွင်းမှာ ပိုပိုပြီး စီးပွားရေးလုပ်ကိုလာကြဖို့ ရှိတာကြောင့် UOB က သူ့ရဲ့ဖောက် သည်တွေကို ထောက်ပံ့ဖို့ ယွမ်ငွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ချဲ့ထွင်နေပါတယ်’’ဟုလည်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။  

ယွမ်ငွေကို နိုင်ငံတကာသုံးပြုလုပ်ခြင်းကို နိုင်ငံခြားကော်ပိုရေးရှင်းများ သိလာကြရန်နှင့် တရုတ်၏ လွတ်လပ်စွာကုန်သွယ်ရေး စမ်းသပ်ဇုန်များနှင့် ပတ်သက်သည့် ပေါ်လစီများကို နားလည်လာကြရန် စင်ကာပူဘဏ်က လုပ်ပေးလိမ့်မည်ဟု့လည်း တရုတ်နိုင်ငံတွင်းက UOB၏ ဥက္ကဌနှင့် စီအီးအို အဲရစ် လျန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly