ယန်စီမြစ်အတွင်း တရုတ်ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက် အသေအပျောက်မသိရသေး

ယန်စီမြစ်အတွင်း တရုတ်ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက် အသေအပျောက်မသိရသေး

ရှန်ဟိုင်း၊ ဇွန်-၁၈ ။        ။ တရုတ်နိုင်ငံရှေ့ပိုင်း နန်ကျင်းမြို့အနီး ယန်စီမြစ်ထဲတွင် တရုတ်ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက် သွားခဲ့ကြောင်း နိုင်ငံပိုင် သတင်း မီဒီယာက င် ဇွန် ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

ဇွန်လ၁ရက်နေ့ကအလယ်ပိုင်း ဟူပေါင်ပြည်နယ်အတွင်းယန်စီမြစ်ထဲတွင် ခရီးသည်တင်သင်္ဘောတစ်စင်း တိမ်းမှောက်ပြီးနောက် လူပေါင်း ၄၄၂ဦး သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

တန်ချိန်၃၀၀ခန့်ရှိသော အဆိုပါ ကုန်တင်သင်္ဘောသည် ကျန်စုပြည်နယ်အတွင်း ယန်စီမြစ်ပေါ် တွင်မှောင်လန်သွား ကာရေစီးကြောင်းထဲ တွင်ပေါလောပေါ်နေခဲ့ သည်ဟု နိုင်ငံပိုင်မီဒီယာက သတင်းပို့ခဲ့သည်။  

ဒေသတွင်း အသံလွှင့်ဌာနတစ်ခုက ၎င်း၏ မိုက်ကရိုဘလော့၌ ရေးသားတွင် သင်္ဘောသည် လူ ၂ဦးကို သယ်ဆောင်လာခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။ အွန်လိုင်းတွင် လွှင့်တင်လာသည့် ဓာတ်ပုံများအရမူ မှောက်လန်နေသည့် သင်္ဘောပေါ်တွင် မတ်တပ်ရပ်နေသော လိမ္မော်ရာင် အသက်ကယ်အင်္ကျ ီဝတ် ကယ်ဆယ်ရေး အလုပ် သမား အုပ်စုတစ်စုကို တွေ့ကြရသည်ဟု ဆိုသည်။ ''သက်ရှိလူ၏ အရိပ်အယောင်မတွေ့ရ''ဟုလည်း ကျန်စုပြည်နယ် အသံလွှင့်ဌာနက သတင်းပို့ခဲ့သည်။

သင်္ဘောသည် ဆိုဒီယမ် ဟိုက်ဒရောဆိုက် ဓာတုပစ္စည်းများကို သယ်ဆောင်လာသော်လည်း မြစ်ထဲသို့ ယင်းပစ္စည်းများ စိမ့်ထွက်သည့် လက္ခဏာ မတွေ့ရဟု အဆိုပါ သတင်းများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly