မီးရထားဘူတာရုံတွင် လူတန်းအား တိုက်ခိုက်ရန်ကြံစည်သည့် ယူအစ်ဂါအမျိုးသားကို တရုတ်ရဲက ပစ်ခတ်သဖြင့် သေဆုံး

မီးရထားဘူတာရုံတွင် လူတန်းအား တိုက်ခိုက်ရန်ကြံစည်သည့် ယူအစ်ဂါအမျိုးသားကို တရုတ်ရဲက ပစ်ခတ်သဖြင့် သေဆုံး

ပေကျင်း၊ ဇွန်-၁၇ ။   ။ ဗုဒ္ဓဟူးနေ့က ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှန်မြို့ မီးရထားဘူတာရုံ တစ်ခုတွင် လက်မှတ်တန်းစီနေသည့် လူတန်းကို အုတ်ခဲဖြင့် တိုက်ခိုက်ရန် တဟုန်ထိုးပြေးသွားခဲ့သည့် ယူအစ်ဂါအမျိုးသား တစ်ယောက်ကို ရဲက ပစ်ခတ်တားဆီးခဲ့သောကြောင့် ဒဏ်ရာရရှိသွားခဲ့ပြီး ၊ နောက်ပိုင်းတွင် အဆိုပါအမျိုးသားမှာ ထိုဒဏ်ရာဖြင့် ပင် သေဆုံးသွားခဲ့သည်ဟုဆိုသည်။

ယမန်နှစ်က အနောက်တောင်ပိုင်း ကူမင်းမြို့ မီးရထားဘူတာရုံတစ်ခုတွင် လူ ၃၁ဦးသေဆုံးခဲ့ရသည့် အစုလိုက်အပြုံလိုက် ဓားဖြင့်ထိုးမှုအပါအဝင် အကြမ်းဖက် မှုဖြစ်ရပ်များ တစ်သီတစ်တန်းကြီး ဖြစ်ပေါ်အပြီးတွင် တရုတ်နိုင်ငံ မီးရထားဘူတာရုံများ၏ လုံခြုံရေးနှင့် ပတ်သက်၍ အများပြည်သူ၏ စိုးရိမ်မှုမှာ မြင့်တက်လျှက် ရှိသည်။

အာဏာပိုင်များကမူ မွတ်စလင် ယူအစ်ဂါလူမျိုးများနေထိုင်ရာ အနောက်ဖျား ရှင်ကျန်းဒေသမှ ခွဲထွက်ရေးစစ်သွေးကြွများက အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

တရားဝင်မိုက်ကရိုဘလော့တွင် လွှတ်တင်လာသည့် ထုတ်ပြန်ချက်တစ်ခုတွင်မူ ယူအစ်ဂါအမျိုးသားတစ်ယောက်ကအုတ်ခဲကိုင်ပြီး လက်မှတ်ဝယ်ရန်စောင့်ဆိုင်းနေ သည့် လူတန်းဆီသို့ ပြေးသွားနေခဲ့သည်ဟု ရှန်မီးရထားရဲက ပြောကြားခဲ့သည်။

‘တာဝန်ကျရဲက အခင်းဖြစ်ရာနေရာကို ရောက်သွားပြီး အကြိမ်ကြိမ်သတိပေးပေမယ့်လည်း ဂရုမစိုက်လို့ သေနတ်နဲ့ပစ်ပြီး ဒဏ်ရာရသွားစေတာပါ’’ဟု မီးရထားရဲ က ပြောကြားခဲ့သည်။ အဆိုပါယူအစ်ဂါအမျိုးသားမှာ ဒဏ်ရာနှင့် ဆေးရုံရောက်သွားပြီးမှ ကွယ်လွန်သွားခဲ့ပြီး ဘူတာရုံတွင်လည်း ပုံမှန်အတိုင်း အေးချမ်းသွားခဲ့ ပြီဖြစ်ကြောင်း ရဲက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly