၂၀၁၆ ခုနှစ်တွင် အမေရိကန်က အသုံးစရိတ်ကြီးမားမှုကို အရှိန်ချမည်

၂၀၁၆ ခုနှစ်တွင် အမေရိကန်က အသုံးစရိတ်ကြီးမားမှုကို အရှိန်ချမည်

နယူးယောက်၊ ဇွန်-၁၇ ။          ။ အင်္ဂါနေ့ (ဇွန် ၁၆)က ထုန်ပြန်ခဲ့တဲ့ အစိုးရစစ်တမ်းတစ်ရပ်အရ ဝင်ငွေဘဏ္ဍာ အထိုက်အလျောက်သာ တိုးတက်မှုရှိနေသောကြောင့် ခန့်မှန်းခြင်းနှင့် ဘတ်ဂျက်လျာထားခြင်းကို သတိနှင့် ချဉ်းကပ်လုပ်ဆောင်နေရသည့်အတွက် အမေရိကန်အစိုးရသည် ၂၀၁၆ ဘဏ္ဍာနှစ်တွင် အသုံး စရိတ်ကြီးမားမှု ကို အရှိန်လျှော့ချရန် စီစဉ်နေသည်။

နိုင်ငံတော် ဘတ်ဂျက်အရာရှိများ၏ အမျိုးသားအသင်း (NASBO)၏ နှစ်ဝက်စစ်တမ်းအရ ဇူလိုင်၁ရက်နေ့က အစပြုသည့် ဘဏ္ဍာနှစ်အတွက် အထွေထွေ ရံပုံငွေ အသုံးစရိတ်မှာ ၃.၁ရာခိုင်နှုန်းသာ မြင့်တက်လာမည်ဖြစ်၍ ယခုနှစ်အတွက် ခန့်မှန်းထားသည့် ၄.၆ရာခိုင်နှုန်းထက် လျော့နည်းနေသည်။

စီးပွားရေးနာလံထမှုတစ်ခုမှာ အသင်းကြီးက မြင်တွေ့ရဖို့ မျှော်လင့်ထားသည်နှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမှာ တောင်တက်သကဲ့သို့ ခက်ခက်ခဲခဲ တက်နေရသေးသည် ဟု NASBOရဲ့ အမှုဆောင်ဒါရိုက်တာ စကော့ ပက်တီဆန်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် ခန့်မှန်းထားသည့် ၃.၇ရာခိုင်နှုန်း တိုးတက်မှုနှင့် နှိုင်းယှဉ်ပါက ၂၀၁၆ ဘဏ္ဍာနှစ်တွင် အရပ်ရပ်ဝင်ငွေမှာ ၃ရာခိုင်နှုန်းခန့် တိုးမြင့်လာမည်ဟု ခန့်မှန်းထားသည်။ ၂၀၁၄ခုနှစ် ဘဏ္ဍာနှစ်က ဆုတ်ကပ်မှ လွတ်မြောက်အောင် ရုန်းကန်နေရသည့် ကာလဖြစ်သဖြင့် ဝင်ငွေဘဏ္ဍာမှာ ၁.၆ရာခိုင်နှုန်းသာ တိုးတက် မှု ရှိခဲ့သည်။

ဝင်ငွေဘဏ္ဍာဟာ ကြီးထွားလာသည်ဆိုသော်လည်း အထူးသဖြင့် ပင်စင်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့ အသုံးစရိတ်များမှာ ကြီးထွားမှုနှင့်အတူ မမြန်ဆန်ပေ။ လိုအပ်နေသည့် အခြေခံအဆောက်အအုံ စီမံကိန်းများ စုံပုံနေခြင်းကလည်း ရေရှည် ဘတ်ဂျက်လျာထားမှုအပေါ်မှာ ဝန်ပိစေသည်။  

၂၀၁၅ နှစ်ဝက် ဘတ်ဂျက်ဖြတ်တောက်မှုကလည်း ၂၀၁၄ခုနှစ်ထက် ပိုနေသည်။ ဘဏ္ဍာနှစ် ၂၀၁၄ခုနှစ်က ပြည်နယ် ၈ခုက ကန်ဒေါ်လာ ၁ဘီလျံ ဖြတ်တောက်ခဲ့မှု နဲ့ နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင် ပြည်နယ်ကြီး ၁၁ခုက နှစ်ဝက်တွင် ကန်ဒေါ်လာ ၂ဘီလျံ ဖြတ်တောက်လျှော့ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly