တောင်ဆူဒန်တွင် ကလေးငယ်၂၅၀,၀၀၀ခန့် ငတ်မွတ်နေဟု ကုလပြော

တောင်ဆူဒန်တွင် ကလေးငယ်၂၅၀,၀၀၀ခန့် ငတ်မွတ်နေဟု ကုလပြော

ဂျူဘာ၊ ဇွန် ၁၇ ။          ။ ၁၈လကြပဋိပက္ခအဆုံးသတ်ရေး ဝေးနေချိန် စစ်ဒဏ်ခံ တောင်ဆူဒန်တွင် ကလေးငယ် ၂၅၀,၀၀၀ခန့်မှာ ငတ်မွတ်လျက်ရှိသည်ဟု နှင်ထုတ် ခံရသော ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲက ဇွန် ၁၆တွင် သတိပေးခဲ့သည်။

"လွန်ခဲ့တဲ့ခြောက်လလောက်တုံးကတော့ အကြမ်းဖက်နှင့် ဒုက္ခတွေက ထိပ်ဆုံးကိုရောက်ရှိခဲ့ပြီး ငြိမ်းချမ်းရေးက အလားအလာရှိတယ်လို့ ကျွန်တော်တို့ ထင်ခဲ့တယ်။ ကျွန်တော်တို့မှားပါတယ် "ဟု စီးပွားရေးအရည်ပျော်နေပြီဟု သတိပေးခဲ့ပြီးနောက် ယခုလအစောပိုင်းက နိုင်ငံမှပိတ်ပင်ခံခဲ့ရသော တိုဘီလန်ဇာ က ပြောကြားခဲ့သည်။ နိုင်ငံရေးသဘောထားတင်းမာမှုက ငြိမ်းချမ်းရေးကို ပိုပြီးအလှမ်းဝေးစေပါတယ်။စစ်ပွဲက ဆက်ဖြစ်နေပါတယ်။ဒါက စီးပွားရေးပြိုလဲမှုကို ဦးတည်စေပါတယ်" ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။

သမ္မတဆယ်လ်ဗာကီယာက ၎င်း၏ လက်ထောက်ဟောင်း ရီးယက်မက်ချာသည် အာဏာသိမ်းရန်ကြံစည်နေသည်ဟု စွပ်စွဲခဲ့သည့် ၂၀၁၃ခုနှစ် ဒီဇင်ဘာမှစ၍ ပြည်တွင်း စစ်စတင်ခဲ့သည်။ သတ်ဖြတ်မှုများ၊ အပြန်အလှန်သတ်ဖြတ်မှုများဖြင့် သံသရာလည်နေခဲ့ပြီး ဆင်းရဲမွဲတေသော၊ ကုန်းတွင်းပိတ်နိုင်ငံမှာ နှစ်ခြမ်းကွဲသွားသည်။ စစ်ပွဲတွင် လူမျိုးစုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ကလေးစစ်သေားအသုံးပြုခြင်းတို့ ရှိနေသည်။

"နိုင်ငံရဲ့ထက်ဝက်မှာ ကလေးသုံးယောက်မှာ တစ်ယောက်က ဆိုးဆိုးဝါးဝါးအာဟာရချို့တဲ့နေပြီး ကလေး ၂၅၀,၀၀၀လောက်က ငတ်မွတ်နေပါတယ်"ဟု လန်ဇာ က ပြောကြားခဲ့သည်။ ဒေါ်လာ ၁ဒသမ၆၃ဘီလျံအကူအညီထည့်ဝင်ရန် အလှူရှင်များကို တိုက်တွန်းသော အစီအရင်ခံစာတွင် လန်ဇာက ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏ ၁၂သန်းရှိပြည်သူများ၏ သုံးပုံနှစ်ပုံမှာ အကူအညီလိုအပ်နေပြီး ၄ဒသမ၅သန်းမှာ အစားအစာမဖူလုံမှုနှင့် ရင်ဆိုင်နေရကြောင်း ကုလက ထုတ်ပြန်ထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly