ဆော်ဒီအာရေးဘီးယားလေကြောင်းလိုင်းက ဒေါ်လာ ရှစ်ဘီလျံတန်ဘိုးရှိ အဲဘတ်စ်လေယာဉ် အစင်း ၅၀ မှာယူ

ဆော်ဒီအာရေးဘီးယားလေကြောင်းလိုင်းက ဒေါ်လာ ရှစ်ဘီလျံတန်ဘိုးရှိ အဲဘတ်စ်လေယာဉ် အစင်း ၅၀ မှာယူ

ပါရီ၊ ဇွန် ၁၅ ။       ။ ဆော်ဒီအာရေးဘီယားလေကြောင်းလိုင်းက ဒေါ်လာ ရှစ်ဘီလျံဝန်းကျင် တန်ဘိုးရှိ အဲဘတ်စ်ခရီးသည်တင်လေယာဉ် အစင်း ၅၀ ကိုမှာယူလိုက် ပြီဖြစ်ကြောင်း ၎င်းလေကြောင်းလိုင်းက ပါရီလေကြောင်းပြပွဲတွင် ဇွန် ၁၅ က ကြေညာခဲ့ခြင်းဖြစ်သည်။

မှာယူသည့်လေယာဉ်များတွင် Airbus A330-300 Regionals လေယာဉ်အစင်း၂၀နှင့် Airbus A320ceos လေယာဉ် အစင်း ၃၀ ပါဝင်ကြောင်း အဲဘတ်စ်က ပြော ကြားခဲ့သည်။

ထို့အပြင် ဆော်ဒီလေကြောင်းလိုင်းသည် Regionals များကို ပထမမဆုံး ပျံသန်းမည့် လေကြောင်းလိုင်းဖြစ်မည်ဟုလည်း အဲဘတ်စ်က ပြောကြားခဲ့သည်။ အလယ် အလတ်အရွယ်အစားရှိ ယင်းလေယာဉ်သည် ခရီးသည် ၄၀၀အထိတင်ဆောင်နိုင်ပြီး ကီလိုမီတာ ၅,၀၀၀အကွာအဝေးထိပျံသန်းနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly