ယန်စီမြစ်အတွင်း အပျော်စီးသင်္ဘောတိမ်းမှောက်မှု ၄၄၂ ဦးသေဆုံးကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ အစီရင်ခံ

ယန်စီမြစ်အတွင်း အပျော်စီးသင်္ဘောတိမ်းမှောက်မှု ၄၄၂ ဦးသေဆုံးကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ အစီရင်ခံ

ပေကျင်း၊ ဇွန် ၁၅ ။      ။ တရုတ်နိုင်ငံ၊ ယန်ဇီမြစ်အတွင်း အပျော်စီးသင်္ဘော တိမ်းမှောက်မှုတွင်  လူ၁၂ဦးသာရှင်သန်ပြီး ၄၄၂ ဦးသေဆုံးကြောင်း နိုင်ငံပိုင်မီဒီယာက အစီရင် ခံခဲ့သည်။သင်္ဘော တိမ်းမောက်မှု ကပ်ဆိုးအတွက် နောက်ဆုံးသေဆုံး မှုစာရင်းကို ထုတ်ပြန်ခြင်းဖြစ်ပြီး အစောပိုင်းက အစိုးရအေဂျင်စီများကြား ရှုပ်ထွေး မှုကြောင့် ရှင်သန်သူအရေအတွက် မှားယွင်းရေတွက်မှု အပေါ် အပြစ်ဖို့ခဲ့သည်။

ဇွန်လ ၁ ရက်က ရာသီဥတုဆိုးဝါးစဉ် Eastern Star အပျော်စီးသင်္ဘောမှောက်ကတည်းက ပျောက်ဆုံးနေခဲ့သော အလောင်း အားလုံးကို ယခုအခါပြန် လည်ရှာတွေ့ ပြီဖြစ်ကြောင်း နိုင်ငံပိုင်ရှင်ဟွာသတင်းအေဂျင်စီက ပြီးခဲ့သည့် သီတင်းပတ်အကုန်အတွင်း အစီရင်ခံခဲ့သည်။

အစောပိုင်းကရှင်သန်သူ၁၄ ဦးရှိသည်ဟု သတင်းထွက်ခဲ့သေးသည်။ "အစိုးရအဖွဲ့အစည်းအသီးသီးက ရှင်သန်သူအရေအတွက် ကို အကြိမ်ကြိမ် တွက်ချက်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း မှားယွင်းတွက်ချက်မှုတွေဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်"ဟု ယန်ဇီမြစ်ကြောင်း မောင်းနှင်သွား လာမှုရေးရာအုပ်ချုပ်ရေး အဖွဲ့အကြီး အကဲ တန်ကွမ်ကျွန်က ဇွန် ၁၃နောက်ပိုင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

အဖွဲ့ဝင် ၆၀ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က တိုက်ရိုက်သက်သေများစွာကို စုဆောင်းခဲ့ကြသည်။ ထို့အပြင် ရှင်သန်ခဲ့သည့် ကပ္ပတိန်အပါအဝင် လူပေါင်းများစွာ ကို တွေ့ဆုံမေးမြန်းခဲ့သည်ဟု အစိုးရက လွန်ခဲ့သည့်သီတင်းပတ်က အစိုးရက ထုတ်ပြန်ခဲ့သည်။ စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းအဖြစ် ကပ္ပတိန်နှင့် အင်ဂျင်နီး ယာချုပ်ကို ရဲတပ်ဖွဲ့ကထိန်းသိမ်းထားသည်။ ကနဦးစစ်ဆေးမှုတစ်ခုအရ သင်္ဘောသည် ဝန်ပိုတင်ဆောင်ခဲ့ခြင်းမရှိဘဲ သင်္ဘောပေါ်တွင် သက်ကယ် အင်္ကျီအလုံ အလောက်ပါရှိခဲ့သည်ဆိုသည်။

သင်္ဘောကုမ္ပဏီကလည်း စုံစမ်းစစ်ဆေးမှုကို အပြည့်အဝပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းကတိပြုခဲ့ပြီး အစိုးရကလည်း မည်သည့်ဖုံးကွယ် မှုကိုမျှပြုလုပ်မည် မဟုတ်ဟု ကတိပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly