ရေကူးဝတ်စုံဝတ် ဆယ်ကျော်သက် လူမည်း မိန်းကလေးကို မြေပေါ်မှောက်စေ၍ ရဲက သေနတ်ဖြင့် ထိုးချိန်ထားသည့် ဗီဒီယိုထွက်ပေါ်ပြီးနောက် အမေရိကန်တွင် ရာပေါင်းများစွာ ဆန္ဒပြ

ရေကူးဝတ်စုံဝတ် ဆယ်ကျော်သက် လူမည်း မိန်းကလေးကို မြေပေါ်မှောက်စေ၍ ရဲက သေနတ်ဖြင့် ထိုးချိန်ထားသည့် ဗီဒီယိုထွက်ပေါ်ပြီးနောက် အမေရိကန်တွင် ရာပေါင်းများစွာ ဆန္ဒပြ

(ဒဲလ်လက်စ်)။ ။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒဲလ်လက်စ်မြို့အနီးရှိ မတ်ကင်နေးမြို့တွင် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကို ရဲတစ်ဦးက သေနတ်ဖြင့် ထိုးချိန်ခဲ့သည့် ဗီဒီယို ပျံ့နှံ့သွားပြီးနောက်တွင် ရာပေါင်းများစွာသော လူများက စုဝေးတန်းချီ ဆန္ဒပြလျက်ရှိသည်။

သောကြာနေ့က တင်သည့် ယင်းဗီဒီယိုတွင် ရေကူးဝတ်စုံ ဘီကီနီဝတ်ထားသည့် ဆယ်ကျော်သက်လူမည်းမိန်းကလေးကို ရဲတစ်ဦးက ဒူးဖြင့် မြေပေါ်ဖိလဲှထားပြီး သေနတ်ဖြင့်ထိုးချိန်ထားသည့် ပုံများကို မြင်တွေ့ရသည်။

ထိုလူဖြူရဲအရာရှိကို တာဝန်မှ ထုတ်ပယ်ပစ်ရန် ဆန္ဒပြသူများက တောင်းဆိုဆန္ဒပြကြခြင်း ဖြစ်သည်။

ရေကူးကန်တွင် မဖိတ်ခေါ်ဘဲရောက်နေသည့် လူများစွာက ထွက်ခိုင်းသည်ကို ငြင်းဆန်သဖြင့် ရဲကိုဖြေရှင်းရန် ခေါ်၍ ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲဌာန ဖေ့ဘုတ်တွင် ရေးသားထုတ်ပြန်ထားသည်။

ထိုသို့ ငြင်းဆန်ကြသဖြင့် ခိုက်ရန်ဖြစ်ပွားမှုများ ရှိရာမှ ရဲဌာနသို့ ခေါ်ဆိုကြခြင်း ဖြစ်သည်။

ခုနှစ်မိနစ်သာ ကြာသည့် ဗီဒီယိုတွင် ယခုအမှုဖြစ်နေရှာသူ ရဲ ကာစီဘော့က သေနတ်ဖြင့် လူများကို ထုတ်ချိန်ပုံ၊ နောက်တွင် မိန်းကလေးကို လက်ဖြင့် ဆွဲခေါ်ချုပ်၍ ကြမ်းပြင်ပေါ် လှဲကာ ဒူးဖြင့်ဖိထားခဲ့ပုံများကို တွေ့ရသည်။

ထိုသို့ အလုပ်ခံရသည့် လူမည်းဆယ်ကျော်သက် မိန်းကလေး ဒါဂျာရီယာဘတ်တွန်က သူ့ကို အပြစ်ပေးလိုက်တာနဲ့လည်း ကျေနပ်စရာမရှိဘူး” ဟု ရုပ်သံအင်တာဗျူးတွင် ဖြေကြားခဲ့သည်။

တနင်္လာနေ့ညက လူဦးရေ တစ်သိန်းခွဲခန့်နေထိုင်ရာ ယင်းမတ်ကင်နေးမြို့တွင် လူပေါင်း ၈၀၀ နီးပါးက တန်းစီချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ”ငါတို့ အသားရောင်က ရာဇဝတ်မှုမြောက်နေတာ မဟုတ်၊ ငါတို့ကလေးတွေကို လာမနှိမ်နဲ့” စသည့် ကြွေးကြော်သံများပါသည့် စာတမ်းများကို ကိုင်ဆွဲကာ ကျောင်းတစ်ကျောင်းမှနေ၍ ရေကူးကန်ဆီထိ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly