ဘိုကိုဟာရမ်တို့ကို အနီးကပ်တိုက်ခိုက်ရန် နိုင်ဂျီးရီးယား စစ်ဌာနချုပ်များ ပြောင်းရွှေ့

ဘိုကိုဟာရမ်တို့ကို အနီးကပ်တိုက်ခိုက်ရန် နိုင်ဂျီးရီးယား စစ်ဌာနချုပ်များ ပြောင်းရွှေ့

(မတ်ဒူဂူရီ)။ ။ နိုင်ဂျီးရီးယားနိုင်ငံက စစ်တပ်သည် ဘိုကိုဟာရမ် အစ္စလာမ်မစ် သောင်းကျန်းသူအဖွဲ့ ဗဟိုနှင့် နီးသည့် မတ်ဒူဂူရီမြို့သို့ စစ်ဌာနချုပ်များကို ပြောင်းရွှေ့လျက်ရှိ ပြီသည်။

စစ်သွေးကြွ အစွန်းရောက် ဘိုကိုဟာရမ်တို့ကို တိုက်ခိုက်ရာ၌ အရှိန်မြင့်ထိုးစစ်များဆင်နွှဲနိုင်ရေးအတွက် ယခုကဲ့သို့ ပိုနီးသည့် နေရာသို့စစ်ဌာနချုပ်ကို ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်သည်။

နိုင်ဂျီးရီးယား စစ်တပ် ထိုးစစ်အဖွဲ့က မတ်ဒူဂူရီတွင် တနင်္လာနေ့ကစကာ ရွှေ့ပြောင်းအခြေစိုက်နေပြီး အဘူဂျာမှ ကွပ်ကဲရေးနှင့် ထိန်းချုပ်ညွန်ကြားရေးဌာနတို့ကိုလည်း ပြောင်းရွှေ့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ဘိုကိုဟာရမ်တို့ကို ချေမှုန်းမည်ကြွေးကြော်လျက် သမ္မတ မူဟမ်မာဒူဘူဟာရီက ပြီးခဲ့သည့်လကမှ ရာထူးရယူခဲ့ခြင်း ဖြစ်သည်။

စစ်တပ်ဌာနချုပ်များကို ဘော်နိုပြည်နယ်ရှိ မတ်ဒူဂူရီမြို့သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်းကို မေ ၂၉ ရက် အဖွင့်မိန့်ခွန်းပြောရာတွင် သမ္မတဘူဟာရီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly