အီတလီသို့ ရွှေ့ပြောင်းအခြေချသူ ၅၀,၀၀၀ ကျော် ရောက်ရှိ

အီတလီသို့ ရွှေ့ပြောင်းအခြေချသူ ၅၀,၀၀၀ ကျော် ရောက်ရှိ
လစ်ဗျားကမ်းခြေစောင့် တပ်ဖွဲ့ဝင်တစ်ဦးက ရွှေ့ပြောင်းအခြေချသူတစ်ဦးကို အစားအစာ ကမ်းပေးနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
အေအက်ဖ်ပီ

ရောမ၊ ဇွန်-၈။   ။  မြေထဲပင်လယ်တွင် နိုင်ငံစုံသင်္ဘောများက ထောင်ပေါင်းများစွာသော နောက်ထပ် ရွှေ့ပြောင်း အခြေချသူများ ကို ကယ်ဆယ်ခဲ့ပြီးနောက် နောက်ထပ်ရွှေ့ပြောင်းအခြေသူများကို နေရာပေးတော့မည် မဟုတ်ဟု  အီတလီ၏ ကြွယ်ဝသော မြောက်ပိုင်းက ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နောက်ထပ် သီတင်းပတ်ကုန် ကယ်တင်မှုများ ထုတ်ပြန်လိုက်စဉ် လူ ၆,၀၀၀ နီးပါးကို ၎င်းတို့၏ ငပိသိပ် ငါးချဉ်သိပ် ငါးဖမ်းလှေ၊ ရာဘာလှေတို့မှ ကယ်တင်ခဲ့ရသည်။ ယခုနှစ်တွင် ယခုအချိန်အထိ လူ ၁,၈၀၀ နီးပါးမှာ ရေနစ်သေဆုံးခဲ့ပြီးဖြစ်သည်။

ကယ်တင်ခဲ့သူအားလုံးကို စစ္စလီဆိပ်ကမ်းများနှင့် အီတလီတောင်ပိုင်းရှိ အခြားနေရာများသို့ လာမည့်ရက်များအတွင်း ချထားပေးမည်ဖြစ်ပြီး ယခုနှစ်အတွင်း အီတလီမြေပေါ်သို့ ရောက်လာသူ အားလုံးမှာ ၅၀,၀၀၀ ကျော် သွားပြီဖြစ်သည်။

အသစ်ရောက်ရှိလာများအတွက် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ရာတွင်ကုန်ကျစရိတ်နှင့်အခြားပြဿနာများကြောင့်မကျေမနပ်ပြော ဆိုမှုများ လည်း မြင့်မားလာသည်။ နောက်ဆုံးအသုတ် ရောက်ရှိလာမှုက ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းကို ထိပ်တန်း နိုင်ငံရေး အစီအစဉ်အဖြစ်သို့ ပြန်လည်ရောက်ရှိစေခဲ့သည်။

ကြီးမားသော မြောက်ပိုင်းဒေသကြီး သုံးခုကမူ ဝန်ကြီးချုပ် မက်တီယိုရင်ဇီ၏ ဗဟိုလက်ဝဲ အစိုးရကို အသစ်ရောက်လာ သည့် ရွှေ့ပြောင်းသူများကို နေရာထိုင်ခင်း မပေးရန် ငြင်းဆန်ခြင်းဖြင့် အာခံရန် ကတိပြုထားသည်။

အစိုးရက နေရာချပေးသော တရားမဝင် ရွှေ့ပြောင်းအခြေချသူများကို နောက်ထပ်လက်ခံခြင်း မပြုရန် ဒေသဆိုင်ရာ မြို့တော်ဝန်များနှင့် အခြားဒေသအကြီးအကဲများသို့ စာရေးအကြောင်းကြားမည် ဟု အီတလီ၏ အကြွယ်ဝဆုံးဒေသ  လွန်ဘာဒီ၏  အကြီးအကဲ ရော်ဘာတိုမာရိုနီက ပြောကြားခဲ့ သည်။ လိုက်နာမှုမရှိသော မြူနီစီပယ် ဒေသများသည် ၎င်းတို့၏ ငွေကြေးထည့်ဝင်မှုကို လျှော့ချ ဖြတ်တောက်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly