မားစ်ရောဂါဖြင့် ပထမဆုံး နှစ်ယောက် သေဆုံးကြောင်း တောင်ကိုရီးယား ကြေညာ

မားစ်ရောဂါဖြင့် ပထမဆုံး နှစ်ယောက် သေဆုံးကြောင်း တောင်ကိုရီးယား ကြေညာ
ဓာတ်ပုံ-ရိုက်တာ

ဆိုးလ်၊ ဇွန် ၂ ။     ။ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ(MERS)ကြောင့် လူနှစ်ဦး သေဆုံးခဲ့ရပြီ ဖြစ်ကြောင်းနှင့် ထိုဗိုင်းရပ်ကြောင့် ပထမဆုံး သေဆုံးမှုများပင်ဖြစ်ကြောင်း တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့ (ဇွန်၂)တွင် အတည်ပြုခဲ့သည်။

မားစ်ရောဂါသံသယနဲ့ ကုသမှု ခံယူနေတဲ့ ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာလည်း တနင်္လာနေ့မှာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်း ပျက်pီးမှုနဲ့ သေဆုံးသွားခဲ့ရာမှာ နောက်ပိုင်း စမ်းသပ်မှုများအရ မားစ်ဗိုင်းရပ်ပိုး အမှန်တကယ်ရှိနေကြောင်း တွေ့ရှိလာခဲ့ရသည်။

နောက်ထပ် ကြမ္မာငင်သူတစ်ဦးမှာ နှစ်ရက် သုံးရက်အလွန်က မားစ်ဗိုင်းရပ်ပိုးရှိနေသည်ဟု အတည်ပြုထားသည့် ၇၁ နှစ်အရွယ် အမျိုးသားတစ်ယောက်မှာလည်း အင်္ဂါနေ့က သေဆုံးသွား ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။  

တနင်္လာနေ့ညတွင် နောက်ထပ်လူ ၆ ဦးတွင် မားစ်ရောဂါကို စမ်းသပ်တွေ့ရှိရပြန်ရာ ကူးစက်ခံရသူ အရေအတွက်မှာ သေဆုံးသူနှစ်ဦး အပါအဝင် စုစုပေါင်း ၂၅ ဦး ရှိသွားခဲ့ပြီဖြစ်သည်။
အရှေ့အလယ်ပိုင်းပြင်ပတွင် အကြီးမားဆုံး ရောဂါကူးစက် ပြန့်ပွားမှုဖြစ်သောကြောင့် အာရှ၏ စတုတ္ထ စီးပွားရေးအင်အား အကြီးမားဆုံးနိုင်ငံတွင် ပြည်သူများကြား ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ဆိုသည်။  

တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံး ရောဂါဖြစ်ပွားမှုကို မေ၂၀ ရက်တွင် စတင်သိရှိခဲ့ရပြီး ကျန်းမာရေးဝန်ကြီးဌာနက ဗိုင်းရပ်ပိုးနှင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ထိစပ်ခဲ့ရသည့် လူပေါင်း ၆၈၂ ယောက်ကို သီးခြားခွဲထားပြီး အထူးကြပ်မw်၍ လေ့လာစောင့်ကြည့်နေသည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

သို့ရာတွင် အသစ်အသစ် ကူးစက်ခံရသူများ ပေါ်ထွက်လာသည်နှင့်အမျှ သီးခြား ခွဲထား စောင့်ကြည့်ရမည့်သူများလည်း ပိုများလာဖွယ်ရှနေသည်ဟု ခန့်မှန်းထားကြသည်။     
ခေတ္တဝန်ကြီးချုပ် ချွိုင် ကျွန်ဟွန်ကမူ ဗိုင်းရပ် ကူးစက်ပြန့်ပွားမှုကို နှိမ်နင်းပြီး တောင်ကိုရီးယား ပြည်သူများကြား ကြီးထွားလာနေသည့် အကြောက်တရားကို ပြေပျောက်စေရန် အစွမ်းကုန် ကြိုးစား သွားမည်ဟု ကတိပြုသည်။  

‘‘ကျန်းမာရေးအာဏာပိုင်တွေရဲ့ တုန့်ပြန်မှုက မထိရောက် ချို့တဲ့နေတယ်လို့ ပြည်သူတွေက ယုံကြည် နေကြတယ်။ သူတို့ရဲ့သောကတွေကို လျော့ပါးသက်သာသွားစေဖို့ တစ်နိုင်ငံလုံးရဲ့ အရင်းအမြစ်တွေ ကို အသုံးပြုသွားမှာပါ’’ဟု ၎င်းက ကျန်းမာရေးအရာရှိများနှင့် အရေးပေါ် အစည်းအဝေးတစ်ခုတွင် ပြောကြားသွားခဲ့သည်။

အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ (MERS)မှာ သေစေနိုင်သည်ဟု ယူဆထား ကြသော်လည်း ၂၀၀၃ခုနှစ် အာရှတွင်ဖြစ်ပွားခဲ့စဉ်က လူရာပေါင်းများစွာကို သေစေခဲ့သည့် ပြင်းထန် သော အသက်ရှူလမ်းကြောင်းရောဂါ (SARS)၏ မကူးစက်လွယ်သော မျိုးကွဲဗိုင်းရပ်တစ်မျိုးသာ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags