ရိုဟင်ဂျာဆိုသူများကို ခွဲခြားဆက်ဆံခြင်းများ အဆုံးသတ်ရန် မြန်မာကို အိုဘားမားတိုက်တွန်း

ရိုဟင်ဂျာဆိုသူများကို ခွဲခြားဆက်ဆံခြင်းများ အဆုံးသတ်ရန် မြန်မာကို အိုဘားမားတိုက်တွန်း
အမေရိကန်သမ္မတ ဘားရက် အိုဘားမား။ ဓာတ်ပုံ-ရိုက်တာ

ဝါရှင်တန်၊ ဇွန် ၂ ။  ။ စစ်အုပ်ချုပ်ရေးဖြင့် ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့ရာမှ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အောင်မြင်လိုလျှင် ရိုဟင်ဂျာဆိုသူ လူနည်းစုများကို ခွဲခြားဆက်ဆံခြင်းများကို အဆုံးသတ်ပစ်ရန် မြန်မာနိုင်ငံကို သမ္မတအိုဘားမားက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဦးရေ ၁ ဒသမ ၃ သန်းရှိ ယင်းမွတ်စလင်အုပ်စုသည် ဘေးဒုက္ခများ ဆိုက်ရောက်နေသော်လည်း အများစုမှာ နိုင်ငံသားအဖြစ် ငြင်းဆန်ခံထားကြရပြီး ယင်းပြဿနာက အရှေ့တောင်အာရှတွင် ရွှေ့ပြောင်းအခြေချခြင်း ပြဿနာများ ဖြစ်ပေါ်စေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဆိုသူများ သို့မဟုတ် စီးပွားရေးအရ ရွှေ့ပြောင်းသူများ ၃,၅၀၀ ခန့် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ရောက်ရှိခဲ့ပြီး ထောင်ပေါင်းများစွာလည်း လှေများဖြင့် ပင်လယ်ဖြတ် ဝင်ရောက်ရာတွင် ပင်လယ်ပြင်အတွင်း သောင်တင်နေဖွယ်ရှိနေသည်။

တစ်ချက်လွတ် အာဏာဖြင့် အုပ်ချုပ်ခဲ့သည့် စစ်အုပ်ချုပ်ရေးကနေ ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသည့် အသွင်ကူးပြောင်းမှုတွင် အိုဘားမားက ၎င်း၏နိုင်ငံရေး သြဇာကို အားထည့်သုံးနေလျက်ရှိသည်။ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က သေဆုံးမှုများ ရှိခဲ့သည့် လူမှုရေး အဓိကရုဏ်းများ ဖြစ်စဉ်မှစကာ ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီထောင်ပေါင်းများစွာတို့ ပြန်လည် နေရာချထားရေးစခန်းများတွင် နေထိုင်နေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly