တရုတ်အစိုးရက နိုင်ငံအနောက်ပိုင်းရှိ အကြမ်းဖက်ဂိုဏ်း ၁၈၁ဂိုဏ်းကို ဖြိုခွင်း

တရုတ်အစိုးရက နိုင်ငံအနောက်ပိုင်းရှိ အကြမ်းဖက်ဂိုဏ်း ၁၈၁ဂိုဏ်းကို ဖြိုခွင်း

ပေကျင်း၊ မေ-၂၅ ။         ။ နိုင်ငံပိုင်မီဒီယာ၏ တနင်္လာနေ့က သတင်းပို့ချက်အရ အကြမ်းဖက်တိုက်ခိုက်မှု တသီတတန်းကြီးကို ကြုံတွေ့ခံစားနေရသည့် မငြိမ် သက်သော အနောက်ဖျားဒေသ ရှင်ကျန်းတွင် သောင်းကျန်းနေသည့် အကြမ်းဖက်ဂိုဏ်း ၁၈၁ဂိုဏ်းကို တရုတ်အစိုးရက ဖြိုခွင်းခဲ့သည်ဟု ဆိုသည်။

သယံဇာတကြွယ်ဝလှသည့် ရှင်ကျန်းမှာ အလယ်အာရှ နယ်စပ်မျဉ်းပေါ်တွင် မဟာဗျူဟာကျကျ တည်ရှိလျှက်ရှိပြီး တရုတ်နိုင်ငံ၏ တရိပ်ရိပ်ကြီးထွား လာနေသော စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရာတွင်လည်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျှက် ရှိသည်။

ပြီးခဲ့သည့်နှစ် မေလက ဒေသမြို့တော် အူရမ်ကွီရှိ ဈေးတစ်ခုတွင် အသေခံဗုံးခွဲမှုတစ်ခုအတွင်း လူပေါင်း ၃၉ဦး သေဆုံးခဲ့ပြီးနောက်တွင် ဖြိုခွင်းရေးလှုပ်ရှားမှု စတင် ခဲ့ခြင်းဖြစ်သည်ဟု တရားဝင်သတင်းအေဂျင်စီ ဆင်ဟွာက ကွန်မြူနစ်ပါတီ၏ ဒေသန္တရကော်မတီမှ သတင်းအချက်အလက်များကို ကိုးကားဖော်ပြခဲ့သည်။

ရဲများက ဂိုဏ်းများကို စီးနင်းတိုက်ခိုက်ခဲ့သည့်အဆုံးတွင် သံသယရှိသူ ၁၁၂ဦးမှာ ရဲထံ လက်နက်ချ အညံ့ခံလာခဲ့သည် ဟုလည်း အဆိုပါသတင်း တွင် ဖော်ပြထား သည်။
တရုတ်အာဏာပိုင်များက ကာလကြာမြင့်စွာကတည်းက ၎င်းတို့က အစွန်းရောက်များဟု ခေါ်ဝေါ်သုံးနှုန်းသည့် ရှင်ကျန်းတွင် အရှေ့တာကီစတန်ဟုခေါ်သော လွတ်လပ်သောနိုင်ငံတစ်ခုကို ထူထောင်လိုကြသူများကို အမြစ်ပြုတ်အောင် ရှင်းလင်းဖယ်ရှားလိုနေသည်။

ပြည်နှင်ဒဏ်ခံနေရသည့် ယူအစ်ဂါအုပ်စုများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အစ္စလာမ်နှင့် ယူအစ်ဂါယဉ်ကျေးမှုကို ထိန်းချုပ်ကန့်သတ်မှု များအပါ အဝင် ရှင်ကျန်းတွင် ကျင့်သုံးနေသည့် အစိုးရ၏ ဖိနှိပ်သော ပေါ်လစီများက ဒေသကို မငြိမ်မသက်ဖြစ်စေသည်ဟု ပြောကြားကြသော်လည်း ပေကျင်းကမူ ၎င်းတို့ ၏ ပြောဆိုချက်များကို ငြင်းဆန်ထားသည်။

ဝေဖန်သုံးသပ်သူများကမူ ရှင်ကျန်းဒေသ၏ စီးပွားရေးအကျိုးအမြတ်များမှာ တရုတ်နိုင်ငံ၏ အကြီးမားဆုံး မျိုးနွယ်စုဖြစ်သည့် ဟန်တရုတ်များထံသို့သာ စီးဆင်း သွားနေသောကြောင့်လည်း ယူအစ်ဂါများကြားတွင် အမုန်းစိတ်များကို ပွားများစေသည်ဟု ပြောကြားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly