ဂျပန်အမျိုးသား ဇနီးသည်၏ ပြာနှင့်အရိုးများကို စူပါမားကတ်ရေအိမ်ထဲ စွန့်ပစ်

ဂျပန်အမျိုးသား ဇနီးသည်၏ ပြာနှင့်အရိုးများကို စူပါမားကတ်ရေအိမ်ထဲ စွန့်ပစ်

ဂျပန်အမျိုးသားတစ်ယောက်မှာ ဇနီးဖြစ်သူ၏ အရိုးပြာများကို စူပါမားကတ်တစ်ခု၏ ရေအိမ်တွင် မျောချရန် ကြိုးစားပြီးနောက် အာဏာပိုင်များထံသို့ ဝန်ခံဖြောင့်ချက်ပေးခဲ့သည်ဟု ရဲက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။  

လွန်ခဲ့သည့်လက ဇနီးသည်အား မီးသဂြုႋလ်ပြီးလျှင်ပြီးချင်း အရိုးပြာများကို တိုကျို စူပါမားကတ်တစ်ခု၏ ရေအိမ်ကြွေခွက်ထဲသို့ ထည့်ခဲ့ကြောင်း အဆိုပါ ၆၈နှစ်အရွယ် ဂျပန်အမျိုးသားက ရဲကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ရဲများက ပြာများ၊ လူ့မေးရိုးအပါအဝင် အရိုးအပိုင်းအစများကို တွေ့ရှိစဉ်က အထိတ်တလန့်ဖြစ်ကြရပြီး အကြောင်းရင်းကို ရှင်းမပြနိုင်ဖြစ်နေစဉ်တွင် အဆိုပါအမျိုးသားက ယခုကဲ့သို့ ကိုယ်တိုင် လာရောက်ဝန်ခံခြင်းဖြစ်သည်ဟု ယိုမီယူရီ ရှင်ဘွန်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါအမျိုးသားမှာ မပျော်ရွှင်သော အိမ်ထောင်ရေး၏ နှစ်ကာလများကို စဉ်းစားရင်း ဇနီးသည်အပေါ်တွင် ခါးသီးလာသည်ဟု ဆိုသည်။

''သူမအပေါ် အမုန်းစိတ်က တလိပ်လိပ်တက်လာတယ်။ သူမသေခင်အထိ ဘဝဟာ ဒီလိုပဲ နာကျင်နေခဲ့ရတယ်''ဟု နာမည်မဖော်လိုသူ အဆိုပါအမျိုးသားက ပြောကြားသည်ဟု ဆိုသည်။ သူ၏ ဇနီးသည်မှာ နာမကျန်းဖြစ်ပြီးနောက် အသက် ၆၄နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

သေလွန်သူတို့၏ အရိုးပြာများကို သတ်မှတ်ထားသည့် နေရာများတွင်သာ ကြဲချနိုင်သောကြောင့် အဆိုပါအမျိုးသားအား လူ့အင်္ဂါအစိတ်အပိုင်းများကို လက်လွတ်စပါယ်လုပ်မှုဖြင့် တရားစွဲသင့် မစွဲသင့်ကိုမူ အစိုးရရှေ့နေ(ဆွဲချ)များ ခေါင်းစားနေကြရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly