အစ္စရေး ဝန်ကြီးချုပ်ဟောင်း အကျင့်ပျက်ခြစားမှုဖြင့် ထောင်ကျ

အစ္စရေး ဝန်ကြီးချုပ်ဟောင်း အကျင့်ပျက်ခြစားမှုဖြင့် ထောင်ကျ

(ဘဂ္ဂဒက်)။ ။ အစ္စရေး ဝန်ကြီးချုပ်ဟောင်း အွတ်အိုမတ်သည် အကျင့်ပျက်လိမ်လည်မှုနှင့် ယုံကြည်မှု ချိုးဖောက်ခြင်းတို့ဖြင့် ထောင်ဒဏ် ရှစ်လ ပြစ်ဒဏ် ချမှတ်ခံရသည်။

မတ်လအတွင်းက ပြန်လည်ကြားနာမှုတွင် အိုမတ်သည် အမေရိကန် ထောက်ခံသူများထံမှ ငွေကြေးများ ရယူခဲ့သည်ဟု အပြစ်တွေ့ရှိခဲ့သည်။

ယခု ထောင်ရှစ်လသည် အခြားလာဘ်စားမှုဖြင့် ပြီးခဲ့သည့်နှစ်က ထောင်ဒဏ် ခြောက်နှစ် ချမှတ်ထားမှုတွင် ထပ်ပေါင်း ပြစ်ဒဏ်အဖြစ် ချမှတ်ခြင်း ဖြစ်သည်။ ပြစ်မှုနှင့် ပတ်သက်ပြီး ၎င်းက အယူခံဝင်လျက်ရှိသည်။

အိုမတ်သည် ၂၀၀၆ မှ ၂၀၀၉ ခုနှစ်အတွင်း အစ္စရေး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly