ဆော်ဒီအာရေဘီးယားတွင် ရှီးယားဗလီကို အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ဆယ်ဦးသေ

ဆော်ဒီအာရေဘီးယားတွင် ရှီးယားဗလီကို အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ဆယ်ဦးသေ
ဆွန်နီအများစု နေထိုင်သော ဆော်ဒီအာရေဘီးယားနိုင်ငံ၊ အရှေ့ပိုင်းပြည်နယ်ရှိ လူနည်းစုရှီးယားတို့၏ ဗလီတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ဆယ်ဦးသေဆုံးခဲ့သည်ဟု ဆရာဝန်တစ်ဦးက ဘီဘီစီသို့ ပြောကြားခဲ့သည်။.........

ဆွန်နီအများစု နေထိုင်သော ဆော်ဒီအာရေဘီးယားနိုင်ငံ၊ အရှေ့ပိုင်းပြည်နယ်ရှိ လူနည်းစုရှီးယားတို့၏ ဗလီတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ဆယ်ဦးသေဆုံးခဲ့သည်ဟု ဆရာဝန်တစ်ဦးက ဘီဘီစီသို့ ပြောကြားခဲ့သည်။

ထို့အပြင် ယင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၇၀ လည်းဒဏ်ရာရရှိခဲ့သည်ဟု ကာတစ်ဗဟိုဆေးရုံမှ အရေးပေါ်ဆရာဝန်က ပြောကြားခဲ့သည်။ ဒဏ်ရာရသူများအနက် အချို့မှာ စိုးရိမ်ရသည်ဟုလည်း သိရသည်။ ဒေသတွင်းတွင် ဆွန်နီနှင့် ရှီးယားမွတ်စလင်များကြား တင်းမာမှုကျယ်ပြန့်စွာဖြစ်ပွားနေစဉ် ဆော်ဒီတွင် ယင်းကဲ့သို့ဖြစ်စဉ်မျိုးမှာ ပထမဆုံးဖြစ်သည်။ အယ်လ်ကေဒီးရွာရှိ အိမန်အလီဗလီတွင် ကြီးမားသည့် ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။

ယခုအချိန်အထိ မည်သူ့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုမှု မရှိသေးပေ။

ကာတစ်ဆေးရုံက သွေးလှူရှင်များ အမြန်လိုအပ်ကြောင်း ပြောကြားခဲ့သည့်အပြင် ဒဏ်ရာရသူအများအပြားကို ကုသရန် တာဝန်ချိန်မဟုတ်သော ဆေးဝန်ထမ်းများကိုပင် ခေါ်ယူခဲ့ရသည်။ ဆော်ဒီ၏ ကြီးမားသော ရှီးယားမွတ်စလင်လူနည်းစုမှာ အဓိကအားဖြင့် အရှေ့ပိုင်းပြည်နယ် (Eastern Province) တွင် နေထိုင်ကြသည်။ ပိုမိုကြီးမားသည့် အခွင့်အရေးရရှိရေးအတွက်လည်း ရှီးယားတို့က ပျောက်ကြားပျောက်ကြား ဆန္ဒပြလေ့ရှိသည်။

အိမ်နီးချင်း ယီမင်နိုင်ငံရှိ ရှီးယားသူပုန်များကို အာရပ်ညွန့်ပေါင်းနိုင်ငံများ၏ လေကြောင်းတိုက်ခိုက်မှုကို ဆော်ဒီက ဦးဆောင်နေစဉ် သောကြာနေ့က တိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဆော်ဒီအပါအဝင် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ ပစ်မှတ်ထားတိုက်ခိုက်ခံနေရသော အိုင်အက်စ်ကလည်း ဆော်ဒီကို ခြိမ်းခြောက်လျက်ရှိသည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက အိုင်အက်စ်အကြီးအကဲ အဘူဘာကာအယ်လ်ဘက်ဒါဒီက ရှီးယားပစ်မှတ်များကို တိုက်ခိုက်ရန် ၎င်း၏ ဆော်ဒီနောက်လိုက်များကို တောင်းဆိုခဲ့သည်။ ဆော်ဒီ ၂,၀၀၀ ကျော်သည် အိုင်အက်စ်သို့ ဝင်ရောက်ခဲ့သည်ဟု ယုံကြည်ရပြီး ရာပေါင်းများစွာမှာ ဆော်ဒီသို့ ပြန်လာခဲ့ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly