ရုရှ အာကာသယာဉ် လွှတ်တင်ပြီး စက်ချွတ်ယွင်း၍ ကမ႓ာသို့ ပြန်ပျက်ကျလာနေ

ရုရှ အာကာသယာဉ် လွှတ်တင်ပြီး စက်ချွတ်ယွင်း၍ ကမ႓ာသို့ ပြန်ပျက်ကျလာနေ

(မော်စကို)။ ။ ရုရှနိုင်ငံက ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တင်ခဲ့သည့် Progress M-27M အာကာသယာဉ်သည် ထိန်းချုပ်မှုမဲ့သွားပြီး ကမ္ဘာမြေပေါ်သို့ သောကြာနေ့တွင် ပျက်ကျလောင်ကျွမ်းမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

လိုအပ်ပစ္စည်းပစ္စယများ သုံးတန် တင်ဆောင်သွားသည့် ယင်းအာကာသယဉ်သည် ကမ္ဘာလေထုအတွင်း ဝင်ရောက်ချိန်တွင် တစ်စစီဖြစ်သွားမည် ဖြစ်သည်။

လောင်ကျွမ်းပျက်စီး အပိုင်းအစများက ပင်လယ်ထဲသို့သာ ပျက်ကျမည်ဖြစ်ပြီး မြေသို့ ကျလာဖွယ် မရှိဟုလည်း သိရသည်။

နိုင်ငံတကာ အာကာသစခန်းတွင် အမှုထမ်းနေသည့် အာကာသယဉ်မှူး ခြောက်ဦးအတွက် အစားအစာ၊ ရေ၊ အောက်ဆီဂျင်နှင့် အဝတ်အစားများ ပေးပို့ခဲ့သည့် ယင်းအာကာသယာဉ်သည် ကမ္ဘာမှ အထက် မိုင် ၂၅၀ အထိ ရောက်ရှိခဲ့သည်။

နောက်ပိုင်းတွင် ဆက်သွယ်မှုပြတ်တောက်ပြီး ထိန်းချုပ်မှုများပါ ချွတ်ယွင်းသွားခဲ့ရာမှ မြေသို့ တဖြည်းဖြည်းကျလာနေခြင်း ဖြစ်သည်။ အမေရိကန် အရှေ့ပိုင်း၊ ကိုလံဘီယာ၊ ဘရာဇီးနှင့် အင်ဒိုနီးရှားနိုင်ငံသို့ အပေါ်နားလောက်တွင် ရစ်ဝဲကာ မြေသို့ ပြန်လည် ကျဆင်းလာနေခြင်း ဖြစ်သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly