အိုင်အက်စ်နှင့် တိုက်ခိုက်နေသည့် စစ်လက်နက်ကိုင် ထောင်ပေါင်းများစွာကို အမေရိကန်က စတင်လေ့ကျင့်ပေးနေ

အိုင်အက်စ်နှင့် တိုက်ခိုက်နေသည့် စစ်လက်နက်ကိုင် ထောင်ပေါင်းများစွာကို အမေရိကန်က စတင်လေ့ကျင့်ပေးနေ

(ဝါရှင်တန်)။ ။ ဆီးရီးယားတွင် အိုင်အက်စ်တို့ကို ဆန့်ကျင်တိုက်ခိုက်နေသည့် စစ်လက်နက်ကိုင် ထောင်ပေါင်းများစွာကို လေ့ကျင့်သင်တန်းပေးမှုများ စတင်နေပြီဖြစ်ကြောင်း အမေရိကန် စစ်တပ်က ပြောသည်။

လက်နက်ကိုင်တပ်သား ၃၀၀၀ ကို စစ်သင်တန်းပေးရန် တူရကီနှင့် ဂျော်ဒန်တို့တွင်လည်း အမေရိကန် စစ်သင်တန်းလေ့ကျင့်ပေးသည့် တပ်ဖွဲ့အင်အား ၄၀၀ ရှိကြောင်း အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူများက ပြောသည်။

လေ့ကျင့်ရေး နိုင်ငံတပ်ဖွဲ့ဝင်များ ကျောထောက်နောက်ခံပြုထားသည့် ယင်းလက်နက်ကိုင်များမှ တစ်ချို့က ဆီးရီးယား သမ္မတ အာဆတ်အစိုးရကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားဖို့ ရှိနေကြောင်း ယင်းတာဝန်ရှိသူများက ဆိုသည်။

အဆိုပါ စစ်လက်နက်ကိုင်များကို လက်နက်များ၊ ထရပ်ကားများ၊ ဆက်သွယ်ရေး ရေဒီယိုများကိုလည်း အမေရိကန်က ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ဆီးရီးယားနိုင်ငံသည် ၂၀၁၁ ခုနှစ် မတ်လမှစကာ သွေးထွက်သံယိုများနှင့် နိုင်ငံမတည်မငြိမ်ဖြစ်နေသည်။ သေဆုံး သူပြည်သူပေါင်း ၂၂၂,၀၀၀ ကျော်ထက်မနည်း ရှိသွားပြီဖြစ်ကြောင်း ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

REF : PRESS TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly